Live Score

 

အလဲထိုး ပွဲစဉ်များဖြင့် ပရိသတ် အကြိုက်ဖြစ်ခဲ့သည့် ပဲခူးမြို့မှ နိုင်ငံတကာ လက်ဝှေ့ပွဲ

အားကစား ၀န်ကြီးဌာန၊ မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့ အဖွဲ့ချုပ်မှ ကြီးမှူးပြီး ကယ်လ်ဆမ်ကွေကာမှ အဓီက ပံ့ပိုးကူညီကာ မြန်မာ မီဒီယာဂရု(ပ်) မှစီစဉ်သော နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီးကို ပဲခူးမြို့ မြို့တော်ခန်းမတွင် ယနေ့ညနေ၌ ကျင်းပပြုလုပ် ခဲ့သည်။

 

မျိုးဆက်သစ် စိန်ခေါ်ပွဲများ
ကိုသူ (ပဲခူး) နှင့် အောင်ကျော်မင်း (ဗိုလ်မင်းသိန်း)တို့ ပွဲစဉ်တွင် ကိုသူ (ပဲခူး)မှ တတိယအချီ (၂)မိနစ်မှာပင် အလဲထိုးအနိုင် ရရှိခဲ့သည်။ ဒုတိယပွဲစဉ်ဖြစ်သည့် ဖြိုးကို (ကောင်းရတနာ) နှင့် ယုန်လေး (ခေါင်းဆေးကျွန်း)တို့ ပွဲတွင် ဖြိုးကိုမှ ပထမအချီ (၁) မိနစ် နှင့် (၅၅) စက္ကန့်တွင် အနိုင် ရရှိခဲ့သည်။ စိုးသူ (ဘုရားသုံးဆူ) နှင့် ၀င်းသူရ (ကောင်းရတနာ)တို့ ထိုးသတ်ခဲ့သည့် တတိယပွဲစဉ်တွင် ဒုတိယအချီ (၁) မိနစ်မှာပင် ၀င်းသူရမှ အနိုင် ရရှိခဲ့သည်။ ဖိုးတုန် (ဆင်မင်း) နှင့် စနေသား (ရန်ကုန်)တို့ ပွဲတွင် ဖိုးတုတ်မှ ဒုတိယအချီ (၂) မိနစ်မှာအလဲထိုးအနိုင် ရရှိခဲ့သည်။ မျိုးဆက်သစ် စိန်ခေါ်ပွဲများ၏ နောက်ဆုံးပွဲစဉ်ဖြစ်သည့် မော့(စ်) (ဘုရားသုံးဆူ) နှင့် မောင်ဇော် (ပဲခူး)တို့ ပွဲတွင် မောင်ဇော်မှ ဒုတိယအချီ (၂) မိနစ် (၁၅) စက္ကန့်တွင် အနိုင် ရရှိခဲ့သည်။

(၃)ချီအထူးပွဲ
အောင်ထွဋ် (ပဲခူး) နှင့် ဧရာဝတီမောင် (တောင်ကလေး)တို့ ထိုးသတ်ခဲ့သည့် (၃) ချီအထူးပွဲတွင် နှစ်ဦးစလုံးမှာလက်သီတွဲလုံးများကိုအားထားထိုးသတ်ခဲ့ပြီး ဧရာဝတီမောင် (တောင်ကလေး)မှ ပထမအချီ (၂) မိနစ် နှင့် (၁၀) စက္ကန့်တွင် အနိုင် ရရှိခဲ့သည်။

(၄) ချီစိန်ခေါ်ပွဲ
(၄) ချီစိန်ခေါ်ပွဲအဖြစ် စောမင်းအောင် (တောင်ကလေး) နှင့် ဟသာင်္မိုက် (ပဲခူး)တို့ ပွဲတွင် စောမင်းအောင် (တောင်ကလေး) မှ ဒုတိယအချီတွင် အလဲထိုးအနိုင် ရရှိခဲ့သည်။

(၅) ချီစိန်ခေါ်ပွဲ

ပဲခူးမြို့ နိုင်ငံတကာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး၏ ပရိသတ် အကြိုက်ဆုံးပွဲစဉ်များ ဖြစ်သော (၅)ချီစိန်ခေါ်ပွဲများ၏ ပထမပွဲစဉ်ဖြစ်သည့် သိန်းညီညီ (အလင်းရောင်) နှင့် ခိုင်လင်းဦး (တောင်ကလေး)တို့ ပွဲစဉ်မှာလက်သီချင်းဆိုင် အားချင်ပြိုင်ကြသည့် ပွဲစဉ်ဖြစ်တာနှင့် အညီပရိသတ် အကြိုက်ဆုံးပွဲစဉ် ဖြစ်ခဲ့သည်။ ခိုင်လင်းဦးမှာဒုတိယအချီတွင် သိန်းညီညီ၏ လက်သီချက်ကြောင့် နှဖူးကွဲသွားခဲ့သော်လည်းအသဲကောင်းကောင်းဖြင့် ထိုးသတ်ခဲ့ကာပူတွဲသရေဖြင့် ပွဲပြီးခဲ့သည်။

(၅)ချီစိန်ခေါ်ပွဲများ၏ ဒုတိယပွဲစဉ်ဖြစ်သည့် ရွှေခါပတ် ချန်ပီယံရန်နိုင်အောင် (မြန်မာ) နှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံမာဆွတ် (အီရန်) တို့ ပွဲတွင် ရန်နိုင်အောင်မှာပထမအချီတွင် မာဆွတ်၏ တံတောင်ချက်များမိခဲ့ပြီး နှဖူးကွဲခဲ့ကာအလူးအလဲဖြင့် ပူးတွဲသရေဖြစ်ခဲ့သည်။


Soccer Weekly Tips on Facebook



Users Online

Today11
Yesterday115
Month1528
All751496
Free counters!