Live Score

 

အာစင်ဝင်းဂါးနှင့် အင်တာဗျူး

ယခင်ကဆိုလျှင် အာဆင်နယ်နှင့် အွန်နရီ၊အာဆင်နယ်နှင့် ဖာဘရီဂတ်စ် ခွဲမရ ဖြစ်ခဲ့ကြသလို ယခုလည်း အာဆင်နယ်ဟု ဆိုလိုက်သည်နှင့် ထိုကလပ် အသင်းအတွက် ပြီးခဲ့သော နှစ်များအတွင်း ဂိုးပေါင်းများစွာ ဒိုင်ခံသွင်းယူ ပေးနေသော နယ်သာလန် တိုက်စစ်မှူး ရော်ဘင် ဗန်ပါစီကို ပြေးမြင် နေကြပြီ ဖြစ်သည်။

 

အာဆင်နယ်သို့ ရောက်ပြီး (၈)နှစ်ကျော် ကာလအတွင်း အသင်း ခေါင်းဆောင်အဖြစ် တက်လှမ်းနိုင်ခဲ့သူ ဗန်ပါစီနှင့် ပတ်သက်၍ အာစင်ဝင်းဂါး ပြောပြခဲ့သည်မှာ… မေး - ၀င်းဂါး ခင်ဗျား ဗန်ပါစီကို စခေါ်ခဲ့တာ (၂၀၀၄) ခုနှစ်တုန်းက ဆိုတော့ ဘာတွေ ပြောင်းလဲလာပြီ ထင်ပါသလဲ။
ဖြေ - (၈) နှစ်ကျော် ကာလ အတွင်း ရော်ဘင်ဟာ အလျှင်မြန်ဆုံးသော အရှန်အဟုန်တွေနဲ့ တိုးတက် လာခဲ့တာပါ။အွန်နရီလို တိုက်စစ်မှူးဆီမှာ လေ့လာခွင့် ရခဲ့တာတွေဟာ သူ့အတွက် အကျိုးရှိစေ ပါတယ်။

မေး - ဟုတ်ပါပြီ။ဒီလို တိုးတက်လာ ရာမှာ ဗန်ပါစီကို ဒီနေ့ အချိန်လို အသင်းခေါင်းဆောင် တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထင်ခဲ့ပါသလား။
ဖြေ - အမှန်အတိုင်း ပြောရရင် မထင်ခဲ့တာမှ လုံးဝ မထင်ခဲ့ပါဘူး။စရောက်တဲ့ နှစ်မှာ ခြေစွမ်း မဆိုးလှပေမဲ့ စည်းကမ်းပိုင်း လုံးဝ မကောင်းခဲ့တဲ့ အတွက် အာဆင်နယ်မှာ ကြာကြာခံပါ မလားတောင် ထင်ခဲ့မိတာပါ။

မေး - ဗန်ပါစီကို နွေရာသီမှာ ခေါ်ချင်တဲ့ အသင်းတွေ အတော်လေးများ နေတယ်လို့ ကြားရတယ်။အာဆင်နယ်ဘက်က သဘောထားကို အသေအချာ ပြောပြပေး ပါလား။
ဖြေ - ဘောလုံးသမား တစ်ယောက် ခြေစွမ်းတွေ အရမ်းပြလာတဲ့ အခါ ဟိုကခေါ်မယ် ဟိုကို ရောက်မယ် သတင်းတွေ ထွက်တတ်တာ မစမ်းပါဘူး။အာဆင်နယ် အနေနဲ့ ကတော့ ဗန်ပါစီကို အသင်းမှာ ဆက်ရှိစေလို ပါတယ်။

မေး - တစ်ခုသိချင်တာက အာဆင်နယ် နိုင်ငံ လက်ရွေးစင် အသင်းခေါင်းဆောင်တွေ အတော်များတယ် ကြားလို့ ဘယ်နှစ်ယောက်လောက်များ ရှိလဲ။
ဖြေ - ဟုတ်ပါတယ်။အားလုံးပေါင်း (၆) ယောက် တိတိရှိပါတယ်။ရိုဆစ်စကီက ချက်၊အာရှာဗင်က ရှရှား၊မာတီဆက်ကာက ဂျာမနီ၊ရမ်ဆေးက ဝေးလ်၊ပတ်ချူယောင်က တောင်ကိုရီးယားနဲ့ ဗာမယ်လန်းက ဘယ်လ်ဂျီယံတို့တွေပါ။ဒါဟာ အသင်းရဲ့ အားသားချက် တစ်ရပ်ပါ။

မေး - မန်စီးတီးကို အရေးနိမ့် ခဲ့တဲ့ ပွဲအပေါ် မှတ်ချက်ပြုပေးလို့ ရနိုင်မလား။
ဖြေ - ပွဲကောင်းတစ်ပွဲ ပါပဲ။ဒေးဗစ်ဆေးလ်ဗားလို အကျပ်အတည်းကို အခြေအနေမျိုးမှာ ဂိုးသွင်းနိုင်စွမ်း ရှိတဲ့ ကစားသမားမျိုး ပိုင်ဆိုင်ထားတဲ့ အတွက် သူတို့ အသားရသွား ခဲ့ပါတယ်။ဒီနှစ်မှာ မန်စီးတီးက ချန်ပီယံ ခြေစွမ်း အပြည့်ရှိတယ် ဆိုတာ သံသယ မရှိကြ ပါနဲ့။