Live Score

 

လက်ရွေးစင်အဖြစ်မှ အနားယူခဲ့သည့် သန်းသန်းထွေး ဇွဲကပင်အမျိုးသမီးကလပ်အသင်းတွင် ကစားလျက်ရှိ

မြန်မာအမျိုးသမီး လက်ရွေးစင်အသင်းတွင် ခြေစွမ်းပြကစားခဲ့သည့် သန်းသန်းထွေးသည် ယခုတစ်ပတ်တွင် စတင်ခဲ့သည့် Bank Women’s League 2016 ပြိုင်ပွဲတွင် ဇွဲကပင် အမျိုးသမီးကလပ်အသင်း၏ ကွင်းလယ်လူ အဖြစ် ပါဝင်ကစားလျက်ရှိသည်။


သန်းသန်းထွေးသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် ၁၅ နှစ်ကြာ ကစားပေးခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အနားယူခဲ့သူဖြစ်သည်။ ကစားသမားဘ၀ရရှိခဲ့သော ဒဏ်ရာနှင့် အသက်အရွယ်ကြောင့် အနားယူခဲ့ခြင်း ဖြစ်သည်။ လက်ရွေးစင်အသင်းတွင် ကစားနေစဉ် ၄င်း၏တိကျသော အဝေးမှနေ၍ ဂိုးကန်သွင်းယူမှုများကြောင့် လူသိများခဲ့သူဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းအတွက် ၄င်း၏နောက်ဆုံးသွင်းယူခဲ့သော ဂိုးမှာ ၂၀၁၅-၂၀၁၆ အမျိုးသမီး အိုလံပစ် ခြေစစ်ပွဲတွင် တရုတ် (တိုင်ပေ) အသင်းဘက်သို့ သွင်းယူခဲ့သော ဂိုးဖြစ်သည်။ ယခုအခါ သန်းသန်းထွေးသည် အသက် ၃၀ အရွယ်ရှိပြီဖြစ်ပြီး ညောင်တုန်းဇာတိဖြစ်သည်။