Live Score

 

အာဆီယံဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်း ထိုင်းကို ဂိုးပြတ်ရှုံးနိမ့်

၂၀၁၆ အာဆီယံဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲဗိုလ်လုပွဲတွင် မြန်မာအသင်းက လက်ရှိချန်ပီယံ ထိုင်းအသင်းကို ၈-၁ ဂိုးဖြင့် ဂိုး ပြတ်အရေးနိမ့်ပြီး ဒုတိယငွေတံ ဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

 

ဇန်န၀ါရီ ၂၉ ရက်က ထိုင်း နိုင်ငံ ဘန်ကောက်မြို့ရှိ Hua-mark အားကစားရုံ၌ ကျင်းပသည့် ဗိုလ်လုပွဲတွင် မြန်မာအသင်းက အသင်းခေါင်းဆောင် အောင်အောင်၊ ငြိမ်းမင်းစိုး၊ ကျော်ထက်အောင် စသည့် ပွဲထွက်လူစာရင်းကို အသုံးပြုပြီး အိမ်ရှင်ထိုင်းအသင်းက ဆိုရာ ဆစ်၊ ကူပွန်၊ ပက်ခ်ျတန် စသည့် ကစားသမားများဖြင့် ပွဲထွက်လာ သည်။


ပထမပိုင်းတွင် ထိုင်းဖူဆယ် အသင်းက မြန်မာအသင်းဘက် သို့ ဖိအားပေး ထိုးဖောက်တိုက် စစ်ဆင်ပြီး မြန်မာအသင်းက ခံစစ်အနေအထား အသုံးပြု၍ တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရှိရေး ကြိုး ပမ်းခဲ့သည်။

မြန်မာဖူဆယ်အသင်းအနေ  ဖြင့် ခံစစ်ဦးစားပေးကစားခဲ့သော် လည်း ထိုင်းအသင်းက ပထမပိုင်း တွင် ၄-၁ ဂိုးဖြင့် မြန်မာအသင်းကို ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင် လေးဂိုးထပ်မံသွင်းယူခဲ့ သည်။

 မြန်မာဖူဆယ်အသင်းအ တွက် တစ်လုံးတည်းသော ချေပဂိုးကို ပြည့်ဖြိုးမောင်-၂ က ပထမပိုင်းတွင် သွင်းယူခဲ့ခြင်းဖြစ် သည်။

မြန်မာဖူဆယ်အသင်းသည် ဒုတိယပိုင်းတွင် ချေပဂိုးများနှင့် အနိုင်ဂိုးများရရှိရေး နည်းဗျူဟာ အပြောင်းအလဲ ပြုလုပ်ကာ ထိုင်း အသင်းကို ရင်ဆိုင်ခဲ့သော်လည်း ထိုင်းဂိုးသမားကာကွယ်နိုင်ခဲ့ခြင်း နှင့် ခံစစ်ပိတ်ဆို့ကစားခဲ့သည့် ထိုင်းအသင်း၏ နည်းဗျူဟာ ကြောင့် အဆိုပါရလဒ်ဖြင့် ပြီးဆုံး ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်း သည် အာဆီယံဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် သမိုင်းတစ် လျှောက် (၁၂)ကြိမ်မြောက် ဗိုလ် စွဲခြင်းဖြစ်သည်။

မြန်မာအသင်းသည် အကြို ဗိုလ်လုပွဲတွင် တီမောအသင်းကို ၈-၃ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် တက် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

အာဆီယံ ဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲကို ၂၀၀၁ တွင် စတင် ကျင်းပပြီး မြန်မာအသင်းက ၂၀၀၆ မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ သည်။ မြန်မာဖူဆယ်အသင်း သည် အာဆီယံပြိုင်ပွဲသမိုင်းတစ် လျှောက် (၁၃)ကြိမ်မြောက် ကျင်း ပသည့် ယခုနှစ်ပြိုင်ပွဲတွင် ဒုတိယ ဆုနှင့် ၂၀၀၆ ပြိုင်ပွဲက တတိယ ဆုရရှိထားသည်။

အဆိုပါပြိုင်ပွဲကို ၂၀၁၆ အတွင်း ကျင်းပရန် သတ်မှတ်ထား သော်လည်း ထိုင်းဘုရင် ဘူမိဘော နတ်ရွာစံခဲ့သဖြင့် ပြိုင်ပွဲကို ၂၀၁၇ အတွင်း ရွှေ့ဆိုင်းကျင်းပ ခဲ့ခြင်းဖြစ်သည်။