Live Score

 

တိုက်စစ်မှူး အီဗရာဟီမိုဗစ် မန်ယူမှ ထွက်ခွာမည်

ယခုလကုန်တွင် လက်ရှိစာချုပ် ကုန်ဆုံးမည့် တိုက် စစ်မှူး အီဗရာဟီမိုဗစ်ကို စာချုပ် သစ်ချုပ်ဆိုရန် မန်ယူက ကမ်း လှမ်းမည်မဟုတ်ပေ။

 

လက်ရှိစာချုပ်အရ အီဗရာ ဟီမိုဗစ် (၃၅ နှစ်) သည် မန်ယူ၌ ဒုတိယရာသီဆက်ရှိရန် ရွေးချယ် ခွင့်ရှိသော်လည်း ဒူးအရွတ်စုတ်ပြဲ သည့်ဒဏ်ရာက ၎င်းကို အိုးထ ရက်ဖို့ဒ်ကစားသမားဘ၀အဖြစ်မှ အဆုံးသတ်စေခဲ့သည်။ အီဗရာ ဟီမိုဗစ်အနေဖြင့် လာမည့်ဘော လုံးရာသီတွင် ဆက်ကစားပါက အသက် (၃၆)နှစ် အရွယ်ရှိမည် ဖြစ်ပြီး ဒူးအရွတ် စုတ်ပြဲသည့် ဒဏ်ရာကြောင့် ၂၀၁၈ အစော ပိုင်းအထိ ဘောလုံးကစားနိုင်ဦး မည်မဟုတ်ဟု ခန့်မှန်းထားသည်။

အီဗရာဟီမိုဗစ်သည် ယခု နှစ်ဘောလုံးရာသီတွင် မန်ယူနှင့် အတူ ခြေစွမ်းပြနိုင်ခဲ့ပြီး ကွန်မြူန  တီဒိုင်းနှင့် လိဂ်ဖလားဗိုလ်စွဲရာ၌ ဂိုးများသွင်းယူနိုင်ခဲ့ကာ ယူရိုပါ လိဂ်ဖလား ဗိုလ်စွဲရာတွင်လည်း အဓိကအခန်းကဏ္ဍ၌ ပါဝင်ခဲ့ သည်။

အီဗရာဟီမိုဗစ်သည် ဧပြီက အန်ဒါလက်ခ်ျနှင့် ကစားခဲ့သည့် ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲ တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ် သည်။

အသင်းပေါင်းမြောက်မြား စွာက အီဗရာဟီမိုဗစ်ကို ချဉ်း ကပ်နေပြီး ကမ်းလှမ်းမှုများ ပြတ် လပ်သည်မရှိကြောင်း ၎င်း၏ အေးဂျင့် မီနိုရိုင်အိုလာက ပြော သည်။ ‘‘သူ ၂ နှစ်လောက် ကစား နိုင်သေးပြီး ဥရောပမှာပဲ ရာနှုန်း ပြည့် ဆက်ရှိနေမှာပါ’’ဟု မီနိုရိုင် အိုလာက ပြောသည်။

အီဗရာဟီမိုဗစ်ထွက်ခွာခြင်း က မန်ယူအနေဖြင့် ယခုနွေရာသီ အပြောင်းအရွှေ့ဈေးကွက်၌ ကျောနံပါတ် (၉) နေရာအတွက် အဓိကဦးစားပေးခေါ်ယူရန်ဖြစ် လာခဲ့ပြီး မိုရက်တာကို ၎င်း၏ နေရာတွင် အစာထိုးမည်ဟု ခန့် မှန်းထားကြသည်။

မော်ရင်ဟို၏ အဓိကပစ် မှတ်ဖြစ်သည့် အက်သလက်တီကို တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် အသင်းမှ ထွက်ခွာမည်မဟုတ် ကြောင်း အတည်ပြုပြောကြား ထားသည်။ မန်ယူသည် မိုရက် တာကို ခေါ်ယူရန် ရီးရဲလ်မက် ဒရစ်နှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး ရီး ရဲလ်မက်ဒရစ်က မိုရက်တာအ တွက် ယူရိုသန်း ၉၀ သတ်မှတ် ထားသောကြောင့် မန်ယူ၏ ယူရို သန်း ၆၀ ဖြင့် ကနဦးကမ်းလှမ်းမှု ကို ပယ်ချခဲ့သည်။