Login

Live Score

 

အာဖရိကအကောင်းဆုံး ဘောလုံးသမားဆု ဆန်ခါတင်သုံးဦးအဖြစ် ဆာလက်၊ မာနေးနှင့် အော်ဘာမေယန်တို့ ရွေးချယ်ခံရ

၀၁၇ အာဖရိက တစ်နှစ်တာအကောင်းဆုံးဘော လုံးသမားဆုအတွက် လီဗာပူး တိုက်စစ်မှူးများဖြစ်သော ဆာ လက်နှင့် မာနေး၊ အော်ဘာမေ ယန်တို့ ဆန်ခါတင်ရွေးချယ်ခံရ သည်။

 

အီဂျစ်လက်ရွေးစင် ဆာ လက်၊ ဒေါ့မွန်မှ ပြင်သစ်နိုင်ငံဖွား ဂါဘွန်လက်ရွေးစင်အော်ဘာမေ ယန်နှင့် ဆီနီဂေါလက်ရွေးစင် မာနေးတို့ကို အာဖရိကတစ်နှစ် တာအကောင်းဆုံးဘောလုံးသ မားဆုအတွက် အာဖရိကဘော လုံးအဖွဲ့ချုပ်နည်းစနစ်ပိုင်းနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ အာဖရိက ဘောလုံးအဖွဲ့ချုပ် မီဒီယာကော် မတီနှင့် ကျွမ်းကျင်ပညာရှင် ၂၀ ဦး ပါဝင်သောအဖွဲ့တို့က ဆန်ခါတင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဆုရသူ ကို ဂါနာနိုင်ငံ၌ ၂၀၁၈ ဇန်နဝါရီ ၄ ရက်တွင် ပြုလုပ်မည့် အခမ်းအ နား၌ ကြေညာမည်ဖြစ်သည်။

ဆာလက်သည် လီဗာပူးအ တွက် ၁၈ ပွဲကစားပြီး ၁၄ ဂိုးသွင်းထားကာ မာနေးက ၁၁ ပွဲတွင် လေးဂိုးသွင်းယူ၍ ခြေစွမ်းကောင်းများ ပြသနေသည်။

အော်ဘာမေယန်သည် လည်း ဒေါ့မွန်အတွက် ခြေစွမ်း ကောင်းများ ပြသနေသည်။ လီဗာပူးကြယ်ပွင့်ဆာလက်ကို ရီးရဲလ် နည်းပြဇီဒန်းက ချီးကျူးပြောကြားခဲ့ပြီး ၎င်းသည် မိမိအလေးထားသော ကစားသမားမျိုးဖြစ်သည် ဟုဆိုသည်။

ဆာလက်သည် အကောင်း ဆုံးတိုက်စစ်မှူးများအနက် တစ် ဦးဖြစ်သည်ဟု လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကလည်း ပြော ဆိုချီးကျူးထားသည်။