Login

Live Score

 

ဒေးဗစ်ဘက်ခမ်း မီယာမီဘောလုံးအသင်း တည်ထောင်

မန်ယူ ဂန္ထဝင်ကစားသ မား ဒေးဗစ်ဘက်ခမ်း၏ အပတ် တကုတ်ကြိုးပမ်း အားထုတ်မှုနှင့် အတူ အမေရိကန် မေဂျာလိဂ် ဘောလုံးပြိုင်ပွဲ (MLS) ကို မီယာ မီတွင် တစ်ဖန်ပြန်လည်မြင်ရ မည်ဖြစ်သည်။

 

ဒေးဗစ်ဘက်ခမ်းနှင့် မိတ် ဖက်များသည် မီယာမီဘောလုံး အသင်းကို တရားဝင်တည် ထောင်ပြီးဖြစ်ကာ ယနေ့ပြုလုပ် သည့် အခမ်းအနားတွင် MLS ဘောလုံးပြိုင်ပွဲ မဟာမင်းကြီး ဒွန်ဂါဘာက တက်ရောက်အ တည်ပြုမည်ဖြစ်သည်။

ယနေ့ထုတ်လွှင့်ခဲ့သော Good Morning America အစီ အစဉ်တွင်လည်း မီယာမီအသင်း ပိုင်ရှင်အဖြစ်နှင့် တရားဝင်တိုး ချဲ့မှု အကြောင်းကို  ဒေးဗစ်ဘက် ခမ်းက အတည်ပြုပြောကြားခဲ့ သည်။

ယင်းမှာ ဘက်ခမ်းက  ကြာရှည်စွာ စောင့်ဆိုင်းခဲ့သော နေ့ရက်ဖြစ်သည်။ မီယာမီသို့ MLS ဘောလုံးပြိုင်ပွဲ ဆောင်ကြဉ်းပေး ရေး အိပ်မက်သည် ၂၀၁၃ က စတင်ခဲ့ပြီး ဘောလုံးကွင်း တည် ဆောက်ရေး အစီအစဉ် ညှိနှိုင်းမှု စတင်ခဲ့သော်လည်း မအောင်မြင် ခဲ့ပေ။

မြို့တွင်း၌ ဘောလုံးကွင်း တစ်ခု မရှိပါက ကလပ်အသင်း ကို ခွင့်ပြုမည်မဟုတ်ဟု ၂၀၁၄ တွင် မဟာမင်းကြီးဒွန်ဘာဂါက ပြောကြားခဲ့သည်။

သို့သော် ယမန်နှစ်ဇွန်လ က OVertown ရပ်ကွက်တွင် မြေသုံးဧကကို ကန်ဒေါ်လာကိုး သန်းဖြင့် ဝယ်ယူပြီးနောက် အ သင်းပိုင်ဆိုင်မှု၌လည်း  မိတ် ဖက်များ ထပ်မံထည့်သွင်းခဲ့ သည်။

မီယာမီတွင် ဘောလုံးနှင့်  ပတ်သက်၍ ကြီးမားသော ကြေ ညာချက်တစ်ခုရှိမည်ဟု MLS က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကြေညာခဲ့ပြီး Adrienne Arsht Center တွင် မီယာမီ၌ အသင်း တည်ထောင်ကြောင်း တရားဝင် အတည်ပြုကြေညာခြင်းနှင့်အတူ ဘက်ခမ်း၏ အိပ်မက်လည်း အ မှန်တကယ် အကောင်အထည် ပေါ်လာတော့မည်ဖြစ်သည်။

၎င်းအနေဖြင့် မီယာမီတွင် အနေများမည်ဖြစ်သော်လည်း သားသမီးလေးဦးနှင့် မိသားစု သည် လန်ဒန်၌ ဆက်လက်ရှိနေ မည်ဟု ဘက်ခမ်းက ပြောကြား သည်။