Login

Live Score

 

ဥရောပထိပ်တန်း ဂိုးသွင်းရှင်များစာရင်းတွင် ဟယ်ရီကိန်းနှင့် ကာဗာနီဦးဆောင်

 ပြီးခဲ့သည့် နှစ်ရာသီစလုံး တွင် ပရီးမီးယားလိဂ် ဂိုးသွင်း ဘုရင်ဖြစ်ခဲ့သော စပါးတိုက်စစ် မှူး ဟယ်ရီကိန်းသည် ယခုရာသီ ၌လည်း သွင်းဂိုး ၂၁ ဂိုးဖြင့် ဥရောပထိပ်တန်း ဂိုးသွင်းရှင်များစာရင်း တွင် ပြင်သစ်လီဂူးဝမ်းမှ PSG တိုက်စစ်မှူး ကာဗာနီနှင့်အတူ  ထိပ်ဆုံး၌ ဦးဆောင်ထားနိုင် သည်။

 

ပရီးမီးယားလိဂ် ပွဲစဉ် ၂၄ ပွဲ ကစားပြီးချိန်တွင် ဟယ်ရီကိန်းက ၂၁ ဂိုးသွင်းယူထားပြီး ကာဗာနီ က ပြင်သစ်လီဂူး ၂၃ ပွဲတွင် ၂၁ ဂိုးသွင်းယူထားကာ ဥရောပထိပ် တန်းလိဂ် ဂိုးသွင်းအများဆုံး စာရင်းတွင် ပူးတွဲဦးဆောင်နေ သည်။

ဒုတိယနေရာကို စီးရီးအေကလပ် လာဇီယိုအသင်းတိုက်စစ် မှူး အင်မိုဘိုင်းနှင့် လာလီဂါဇယား ထိပ် ဦးဆောင်နေသော ဘာစီ လိုနာတိုက်စစ်မှူး မက်ဆီတို့က ဂိုး ၂၀ စီဖြင့် ဖိအားပေးနေသည်။

ယင်းကဲ့သို့ အစဉ်လိုက်ရွေး ချယ်ရာတွင် အမှတ်ဖြင့် ရွေးချယ် ခြင်းဖြစ်ပြီး ဟယ်ရီကိန်းနှင့် ကာဗာနီက ၄၂ မှတ်၊ အင်မိုဘိုင်း နှင့် မက်ဆီက ၄၀ မှတ်စသည်ဖြင့် ရပ်တည်နေသည်။

အင်တာမီလန်မှ တိုက်စစ် မှူး အိုင်ကာဒီ၊ လီဗာပူးတိုက်စစ် မှူး ဆာလက်နှင့် ဘိုင်ယန်မှ လီဝမ်ဒေါစကီးတို့က စုစုပေါင်းသွင်းဂိုး ၁၈ ဂိုး (ရမှတ် ၃၆ မှတ်) စီဖြင့် အဆင့် ၃ နေရာ၌ရပ်တည်နေ သည်။

သို့သော် ရီးရဲလ်ကြယ်ပွင့် ရော်နယ်ဒိုသည် ယခုထိပ်တန်းဂိုး သွင်းရှင် ၂၀ ကျော်စာရင်း၌ ပါဝင်ခြင်းမရှိဖြစ်နေသည်။