Live Score

 

ရီးရဲလ်မက်ဒရစ်အသင်း ငါးနှစ်အတွင်း လာလီဂါဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူး

ချန်ပီယံဖြစ်ရေး  နောက်ဆုံးပွဲစဉ်အထိ စောင့် ကြည့်ခဲ့ရသော စပိန်လာလီဂါ အ မှတ်ပေးပြိုင်ပွဲတွင် ရီးရဲလ်မက် ဒရစ်က မာလာဂါကို ၂-၀ ဂိုးဖြင့် အနိုင်ယူကာ ၂၀၁၂ နောက်ပိုင်း  ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့သည်။

 

နည်းပြ ဇီဒန်း၏ ရီးရဲလ်မက် ဒရစ်သည် စီရော်နယ်ဒိုနှင့် ဘန်ဇီး မားတို့၏ သွင်းဂိုးများဖြင့် မာလာ ဂါကို အနိုင်ရခဲ့ပြီး ဒုတိယနေရာရှိ ဘာစီလိုနာကို သုံးမှတ်အသာရ ကာ အသင်းသမိုင်းတစ်လျှောက် (၃၃) ကြိမ်မြောက် လာလီဂါဆု ဖလား သိမ်းပိုက်နိုင်ခဲ့သည်။

‘‘နောက်ဆုံးပွဲကျမှ ချန်ပီယံ ဆုကို ဆွတ်ခူးနိုင်တာက ပိုပြီး တော့ ကောင်းတယ်လို့ ခံစားရ တယ်။ ကျွန်တော်တို့ ချန်ပီယံဆု နဲ့ ထိုက်တန်ပါတယ်’’ဟု ယခုနှစ် ရာသီတွင် ရီးရဲလ်မက်ဒရစ်အ တွက် လိဂ်ဂိုး ၂၅ ဂိုး ပြည့်မြောက် အောင် သွင်းယူနိုင်ခဲ့သည့် စီရော် နယ်ဒိုက ပြောသည်။

‘‘လာလီဂါဖလားကို နှစ် ပေါင်းများစွာ မဆွတ်ခူးနိုင်ခဲ့တဲ့ နောက် ဒီဖလားကို ကိုင်မြှောက် ခွင့်ရဖို့ဆိုတာ သိပ်အရေးကြီးပါ တယ်။ ကျွန်တော် ရီးရဲလ်နဲ့အတူ ဖလားမျိုးစုံရခဲ့ဖူးပါတယ်။ဒါပေမဲ့ဒီဖလားက အထူးဆုတစ်ခုပါ’’ဟု ဇီဒန်းက ပြောသည်။

ဘာစီလိုနာက အိမ်ကွင်း တွင် အီဘာကို နှစ်ဂိုးပြတ်ရှုံးနိမ့်စဉ် နောက်မှလိုက်ကစားကာ ဂိုးများ ဆက်တိုက်သွင်းယူခဲ့ပြီး ၄-၂ ဂိုး ဖြင့် အနိုင်ရသော်လည်း ချန်ပီယံ ဆုဖလားကို လက်လွှတ်ခဲ့ရသည်။

‘‘ကျွန်တော့်အသင်းကို မဝေ ဖန်နိုင်ပါဘူး။ ကျွန်တော်တို့ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင် ပြီး အလျှော့မပေးခဲ့ပါဘူး။ ချန်ပီ ယံကိုတော့ ဂုဏ်ပြုရမှာပါ’’ ဟု အသင်းမှ ထွက်ခွာတော့မည့် ဘာစီလိုနာနည်းပြ လူးဝစ္စအင်းန ရစ်က ပြောသည်။

ရာသီတစ်လျှောက်လုံး ခြေ စွမ်း ပုံမှန်ထိန်းမထားနိုင်ခြင်းက ဘာစီလိုနာကိုအထိ နာစေခဲ့ ကြောင်း၊ ထိပ်ဆုံး လေးသင်းနှင့် တွေ့ဆုံရာတွင် ရလဒ်များကောင်း ခဲ့သော်လည်း ကျန်အသင်းများနှင့် ပွဲ၌ ရမှတ်များ ဆုံးရှုံးခဲ့ကြောင်း၊ အထူးသဖြင့် ရာသီအစပိုင်း အိမ် ကွင်းပွဲများတွင် ရမှတ်များဆုံးရှုံးခဲ့ ၍ ကြီးကြီးမားမား ပေးဆပ်ခဲ့ရ သည်ဟု ၎င်းက ထပ်လောင်းပြော သည်။

အခြားပွဲစဉ်များတွင် အက် သလက်တီကိုမက်ဒရစ်က ဘီလ် ဘာအိုကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ဖျက်သိမ်းတော့မည့် ၎င်းတို့၏ အိမ်ကွင်းကို အနိုင်ဖြင့်နှုတ်ဆက် ကာ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့် ရရှိခဲ့သည်။

အိုဆာဆူနာကို ငါးဂိုးပြတ် အနိုင်ရသော ဆီဗီလာက ချန်ပီ ယံလိဂ်ဝင်ခွင့်အတွက် ရှုံးထွက် ကစားရမည်ဖြစ်ပြီး ယူရိုပါလိဂ် တိုက်ရိုက်ဝင်ခွင့်အတွက် ဗီလာ ရီးရဲလ်၊ ယူရိုပါလိဂ်ဝင်ခွင့်အ တွက် ရှုံးထွက်ကစားခွင့်ကို ရီး ရဲလ်ဆိုစီဒက်က ရရှိခဲ့သည်။ ဘီ ဘာအိုကမူ ဘာစီလိုနာနှင့်အလာ ဗတ်စ်တို့ ယှဉ်ပြိုင်မည့် ကိုပါဒယ် ရေးဖလား ဗိုလ်လုပွဲရလဒ်အပေါ် မူတည်ကာ ယူရိုပါလိဂ်ဝင်ခွင့်အ ရရေး ရှုံးထွက်ကစားခွင့် ရ၊ မရ စောင့်ကြည့်ရမည်ဖြစ်သည်။