Live Score

 

ပီချီချီဆုနှင့်ရွှေဖိနပ်ဆုကို ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ ဆွတ်ခူး

စပိန်လာလီဂါပြိုင်ပွဲ ၌ ဂိုးအများဆုံးသွင်းသူအား ပေး အပ်ချီးမြှင့်လေ့ရှိသည့် ပီချီချီဆု ကို ဘာစီလိုနာတိုက်စစ်မှူး မက် ဆီက အသင်းဖော်ဆွာရက်ဇ်နှင့် ရီးရဲလ်မက်ဒရစ်မှ ပြိုင်ဘက် စီ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်ကာ ဆွတ်ခူးခဲ့သည်။

 

ယခုနှစ်ရာသီ ဘာစီလိုနာအ တွက် လိဂ်ဂိုး ၃၇ ဂိုးအထိ သွင်း ယူခဲ့သော မက်ဆီသည် ၂၀၁၂-၂၀၁၃ ဘောလုံးရာသီနောက်ပိုင်း ပီချီချီဆုကို ပထမဆုံးအကြိမ် ပြန် လည်ဆွတ်ခူးနိုင်ခဲ့ပြီး ၎င်း၏ ကစားသမားဘ၀ ယင်းဆုကို စတုတ္ထအကြိမ်မြောက် ရရှိခြင်း ဖြစ်သည်။

နောက်ဆုံးဘောလုံးရာသီ ရှစ်ရာသီဆက်တစ်ပွဲလျှင် တစ်ဂိုး အထက် ပျမ်းမျှသွင်းယူနိုင်ခဲ့သည့် မက်ဆီသည် ယမန်နှစ် ပီချီချီဆု ရှင် ဆွာရက်ဇ်ကို ရှစ်ဂိုး၊ စီရော် နယ်ဒိုကို ၁၂ ဂိုးအသာရခဲ့ပြီး ဥရောပရွှေဖိနပ်ဆုကိုလည်းရရှိ ရန် ကျိန်းသေခဲ့သည်။

ပီချီချီဆုကို ၂၀၀၈- ၀၉ အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုဖော်လန်ရရှိခဲ့ပြီးနောက် မက်ဆီနှင့် စီရော်နယ်ဒိုတို့ကသာ ဆွတ်ခူးခဲ့သည်။ သို့သော် ဆွာ ရက်ဇ်က ယမန်နှစ်က ချိုးဖျက်၍ ရယူခဲ့သည်။ မက်ဆီသည်ယင်းဆု ကို လေးကြိမ်မြောက်ရရှိခဲ့သဖြင့် ဒီစတီဖာနိုတို့ကိုလိုက်မီရန် တစ် ကြိမ်လိုနေသေးသည်။ ပီချီချီဆု ကို ဘီလ်ဘာအို တိုက်စစ်မှူး ဟောင်း တယ်လ်မိုဇာရာက စံချိန် တင်ခြောက်ကြိမ် ဆွတ်ခူးထား သည်။

ဥရောပရွှေဖိနပ်ဆုအတွက် အဓိကပြိုင်ဘက်ဖြစ်သော ပေါ် တူဂီလိဂ်မှ စပို့တင်းလစ္စဘွန်း တိုက်စစ်မှူး ဒိုစ်သည် ပွဲစဉ်များ ပြီးဆုံးချိန်တွင် သွင်းဂိုး ၃၄ ဂိုးသာ ရှိသဖြင့် မက်ဆီက သုံးဂိုးအသာ ဖြင့် ဥရောပရွှေဖိနပ်ဆုရရန် သေ ချာသွားပြီဖြစ်သည်။ ကျန်အနီး ဆုံးပြိုင်ဘက်များမှာ ဘွန်ဒက်စ် လီဂါမှ အော်ဘာမီယန် ၃၁ ဂိုးနှင့် ဘိုင်ယန်မှ လီဝမ်ဒေါစကီး ၃၀ ဂိုး တို့ဖြစ်သည်။