Login

Live Score

 

နောက်တန်းကစားသမားများ အမြန်ပြန်လည် ကစားနိုင်မည်ဟု ရီးရဲလ်နည်းပြဇီဒန်းမျှော်လင့်

 ရီးရဲလ်တွင် ကွင်းလယ် နှင့် တိုက်စစ်မှူးများ ဒဏ်ရာပြ ဿနာ ပြေလည်သွားသော်လည်း နောက်တန်း ကစားသမားများ ဒဏ်ရာပြဿနာ ကြုံနေသော ကြောင့် နည်းပြဇီဒန်းက ယင်းပြ ဿနာများ အမြန်ပြေလည်ရေး မျှော်လင့်နေသည်။

 

အရေးပါသော ချန်ပီယံလိဂ် နောက်ဆုံး (၁၆) သင်းအဆင့် တွင် ပီအက်စ်ဂျီနှင့် ရင်ဆိုင်ရန် သီတင်းနှစ်ပတ်အလို၌ ရီးရဲလ် တွင် ရာမို့စ်၊ ဗယ်လီဂျို၊ ရာဖေးလ် ဗာရိန်းနှင့် ကာဗာဂျယ်တို့ပါဝင် ကစားနိုင်ခြင်း မရှိသေးပေ။

နောက်တန်းလူရွေးချယ်ရန် အခက်ကြုံနေသော နည်းပြဇီဒန်း က ယင်းကစားသမားများ အမြန် ပြန်လည်ကစားနိုင်မည်ဟု မျှော် လင့်ကြောင်း ပြောသည်။

ဗာရိန်းသည် လီဗန်တေးနှင့် ပွဲအတွက် ပြန်လည်ကစားနိုင် ဖွယ်ရှိကြောင်း ဇီဒန်းကပြောပြီး ယခုရာသီတွင် ဒဏ်ရာ ပြဿနာ ကင်းဝေးသော တစ်ဦးတည်းသော ကစားသမားဖြစ်သည့် နာချိုဖာ နန်ဒက်ဇ်ကို ထည့်သုံးရန် ပြင်ဆင် ထားသည်။

ယခုရာသီတွင် ရာမို့စ်သည် ၁၀ ပွဲ လွဲချော်ခဲ့ပြီး ဗယ်လီဂျို ၁၁ပွဲ၊ ကာဗာဂျယ်ကိုးပွဲနှင့် ဗာရိန်းက ငါးပွဲလွဲချော်ခဲ့သည်။

ထိုအတောအတွင်း ပီအက်စ်ဂျီကွင်းလယ်လူ ဒရက်စ်လာက ၎င်းတို့သည် ချန်ပီယံလိဂ်နောက် ဆုံး (၁၆) သင်းအဆင့်တွင် ရီးရဲလ် နှင့် ရင်ဆိုင်ရခြင်းသည် အန္တရာယ် ရှိသော ရင်ဆိုင်တွေ့ဆုံမှုဖြစ် သည်ဟု ပြောသည်။

ရီးရဲလ်သည် လာလီဂါ ၂၁ ပွဲအပြီးတွင် တစ်ပွဲလျော့ဖြင့် နံပါတ်(၄) နေရာ၌ရှိနေကာ ထိပ် ဆုံးရှိ ဘာကာနှင့် ၁၉ မှတ်ကွာနေ ပြီး ကိုပါဒယ်ရေး ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရပြီဖြစ်သည်။