Login

Live Score

 

အသင်းစံချိန်တင်ကြေး ပေါင် ၅၅ ဒသမ ၅ သန်းဖြင့် အော်ဘာမီယန်ကို ခေါ်ယူရန် အာဆင်နယ် သဘောတူညီ

 ဒေါ့မွန်တိုက်စစ်မှူး အော်ဘာမီယန်ကို ခေါ်ယူရန် ကလပ်စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၅၅ ဒသမ ၅ သန်း ပေးချေရန် အာဆင်နယ်က ဒေါ့ မွန်အသင်းနှင့် သဘောတူညီ ထားသည်။

 

သို့သော် အော်ဘာမီယန်နေ ရာတွင် အစားထိုးရန် တိုက်စစ်မှူး တစ်ဦးရမှသာ ဒေါ့မွန်က ကစား သမားအား ပြောင်းရွှေ့ခွင့်ပေး မည်ဟုဆိုသည်။

အော်ဘာမီယန်အတွက် နှစ် ဖက်ဆွေးနွေးခဲ့သည်မှာ သတင်း နှစ်ပတ်ရှိပြီဖြစ်ကာ ကစားသမား ကိုယ်တိုင် အာဆင်နယ်သို့ လာ ရောက်လိုကြောင်း ပြောကြားပြီး နောက် ယခုလအတွင်း အပြောင်း အရွှေ့ဖြစ်လာမည်ဟု အာဆင် နယ်အသင်းက စိတ်ချနေသည်။

တစ်ပတ်လစာ ပေါင် ၁၈၀,၀၀၀ ရှိ သုံးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူရန် ဂါဘွန်လက်ရွေးစင်နှင့် သဘောတူထားသော်လည်း ဒေါ့ မွန်နှင့်ညှိနှိုင်းရာတွင် အာဆင်နယ်အတွက် ပြဿနာရှိနေသည်။

ဒေါ့မွန်အသင်းက အာဆင် နယ်ကစားသမား ဂျီရော့ဒ်ကို  သီးခြားသဘောတူညီမှု တစ်ရပ် ဖြင့် ခေါ်ယူရန် ကြိုးစားသော် လည်း ဂျီရော့ဒ်က အင်္ဂလန်မှ ပြောင်းရွှေ့ရန် ငြင်းဆန်ခဲ့ပြီး ချယ်လ်ဆီးသို့သွားမည်ဟု သ တင်းပေါ်ထွက်နေသည်။

ယင်းအတွက် ဒေါ့မွန်က ချယ်လ်ဆီးတွင် ပုံမှန်နေရာမရ ဖြစ်နေသော မီချီဘက်ရွှာရီ ဘက် သို့လှည့်ကာ ချယ်လ်ဆီးက ၎င်းကိုရောင်းချရန် ဆုံးဖြတ်လျှင် ဒေါ့မွန်က အော်ဘာမီယန်ကို လက်လွှတ်ဖွယ်ရှိသည်။